ဒု-သမ္မတဦးဟင်နရီဗန်ထီးယူ တတိယအကြိမ် ခရီးစဉ်အဖြစ် ချင်းပြည်နယ် မြောက်ပိုင်းဖက်သို့ နောက်လ လာမည်
နိုင်ငံတော်ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ၏ တတိယအကြိမ် ချင်းတောင်ခရီးစဉ်အဖြစ် ချင်းပြည်နယ် မြောက်ပိုင်းဖက်သို့ နောက်လတွင် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲကပြောသည်။
ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ Pu Zo Bawi က “ နောက်လအတွင်း ချင်းပြည်နယ်ဖက်ထပ်လာမယ်။ အဓိကတော့ ချင်းပြည်နယ် မြောက်ပိုင်းဖက်တွေကို သွားမှာဖြစ်တယ်။ ခရီးစဉ်ကတော့ ဂန့်ဂေါဖက်က နေလာမယ်။ အဲဒီကနေ ဟားခါး၊ ဖလမ်း၊ ရိခ်ခေါဒါရ်၊ တီးတိန်၊ တွန်းဇံ၊ ကျီခါးဖက်တွေကို ဆက်သွားမှာဖြစ် တယ်” ဟုပြောသည်။
သူကဆက်ပြီး ဒုသမ္မတအနေနဲ့ ဖလမ်း - ရိဒ်လမ်း၊ ရိဒ်ရေကန်တွေ စစ်ဆေးကြည့်ရှုသွားမယ်။ အဲဒါပြီးတော့ တီးတိန်မြို့ကိုဆက်သွားပြီး တွန်းဇံ၊ ကျီခါးဖက်ထိရောက်မယ်။ အဓိကတော့ လမ်းတွေကို စစ်ဆေးသွားမယ်ဟုပြောသည်။
နိုင်ငံတော်ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ မတ်လ၌လည်း ချင်းပြည်နယ် တစ်ခွင်သွားရောက်ခဲ့ပြီး အချို့မြို့များတွင် မြို့မိမြို့ဖများမှ ဒေသလိုအပ်ချက်များကို တင်ပြခဲ့ကြသည်။
Chin World