သက်ငယ်မုဒိမ်းမှုကျူးလွန်ဟုစွပ်စွဲထားသော ဧဝံဂေလိဆရာတော်ကို ဒုတိယအကြိမ်ရုံးထုတ်မည်
သက်ငယ် မိန်းကလေးနှစ်ဦးကိုမုဒိမ်းမှုကျူးလွန်သည်ဟုစွပ်စွဲထားသော ဧဝံဂေလိဆရညတော် Lal Biak Lar@ Lar Boih ကို ပထမရမန်ရက်စေ့၍ ဧပြီလ(၂၇)ရက်နေ့တွင် ဒုတိယအကြိမ် ခရိုင်တရားရုံးတွင် ရုံးထုတ်မည်ဟုသတင်းရရှိသည်။
"မနက်ဖြန်တော့ ယောက်ျားလေးဘက်ကိုပဲစစ်မယ်။ ဒီနေ့ မိန်းကလေးနှစ်ယောက်ကို ဆေးရုံမှာ ဓာတ်မှန်ရိုက်ဖို့ ဆရာဝန်ခေါ်ထားတယ်" ဟုမုဒိမ်းကျင့်ခံရသည်ဟုအမှုဖွင့်သူဘက်ကပါဝင် ဆောင်ရွက်သူ ဦးပါလိန်းကပြောသည်။
ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင်နေထိုင်သော ဧဝံဂေလိဆရာတော် Lal Biak Lar@Lar Boih သည် ၄င်းနေအိမ်တွင် ဖလမ်းမြို့နယ်မှ လာရောက်နေထိုင်သော မိုင်…..(၁၅)နှစ်ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းတွင်လည်းကောင်း၊ မိုင်……(၁၄)နှစ်ကို ၂၀၁၈ ခုနှစ် ဧပြီလတွင်လည်းကောင်း အဓမ္မပြုကျင့်ရန်ကြိုးစားအားထုတ်မှု၊ နာကျင်စေမှုတို့ကြောင့် ကလေးမြို့နယ် ရဲစခန်းမှ ပုဒ်မ (၃၇၆/၅၁၁)၊ (၃၂၃)၊ (၅၀၆) တို့ဖြင့် ဧပြီလ(၁၃)ရက်တွင် အမှုဖွင့်ဖမ်းဆီးခဲ့သည်။
https://zalen.info/2018/04/26/%e1%80%9e%e1%80%80%e1%80%b9%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%af%e1%80%92%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%99%e1%82%88%e1%80%80%e1%80%ba%e1%80%b4%e1%80%b8%e1%80%9c%e1%80%bc%e1%80%94/