စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊တမူးမြို့၊(၄)မိုင်စစ်ဆေးရေးဂိတ်၌
မူးယစ်ဆေးဝါးသယ်ဆောင်လာသူတစ်ဦးအား မေလ(၁၁)ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ တမူးမြို့၊မူးယစ်တပ်ဖွဲ့စု(၇)တမူးမှတပ်ဖွဲ့ဝင်များနှင့်
ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ
၂၀၁၈-ခုနှစ်၊ မေလ(၁၁)ရက်၊ညနေ(၅း၁၅) အချိန်ခန့်က
(၄)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင်တမူးမြို့ဘက်မှ
ကလေးမြို့ဘက်သို့ ကလေးမြို့နယ်၊ကံကြီးကျေးရွာ၊သာယာကုန်းရပ်ကွက်နေ
ခင်မောင်ဌေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်
အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၄င်းလွယ်ထားသည့်TOUGH တံဆိပ်ပါအနက်ရောင်ဘေးလွယ်အိတ် အတွင်းမှ ဘိန်းဖြူခွက်(၁)ခွက်၊အလေးချိန်၁၁ ဂရမ်အား ဖမ်းဆီးရမိ၍ မူး/စိတ်ပုဒ်မ ၁၉/က အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။
ပြန်/ဆက် တမူးမြို့
Popular Posts
-
Duh tu le dawtmi hna ka ngeih sual ah cun Pasal ngeih zong ka duh tthan cang ko tiah Lulu Aung Nih Media Pakhat sinah a chim. Cu hlan ah ...
-
ဖလမ်းမြို့အနီး Sunthla ကျေးရွာအဝင်တွင် ခရီးသည်များတင်ဆောင်လာသော မှန်လုံယာဉ်တစ်စီး မတော်တဆဖြစ်၍ ခရီးသည် ခုနစ်ဦး ဒဏ်ရာရရ...
-
နိုင်ငံတော်ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ၏ တတိယအကြိမ် ချင်းတောင်ခရီးစဉ်အဖြစ် ချင်းပြည်နယ် မြောက်ပိုင်းဖက်သို့ နောက်လတွင် သွားမည်ဖြစ်ကြောင်း ခ...